၁၇ -၂ -၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင် ( ၁၀-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၂၀၀၀၀/-)၊ ဂွနက်ရိုးရိုး(၄၀၀၀၀/-) ၊နှမ်းဖြူ(၇၀၀၀/-)(၅၀၀၀/-)၊နှမ်းဖြူ-ရေသွင်း(၁၀၀၀၀/-)(၁၂၀၀၀/-)၊ နှမ်းနီ (၉၀၀၀/-) ၊ နှမ်းညိုကြား (၁၅၀၀၀/-) ကျပ် စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၈၀၀ မှ ၁၂၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၀-၂-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲနောက်သေး(၁၀၀၀/-) စျေးတက်ပြီး ပဲလွန်ဝါသေး (၅၀၀/-) ၊ ကုလားပဲ (929) ( ၁၀၀၀/- ) ၊ ကုလားပဲ (HL) ( ၁၀၀၀/-) ၊ကုလားပဲသေး(၅၀၀/-)၊ ပဲထောပတ်(၆၆၀၀/-) ၊ ပဲစဉ်းငုံ (သစ်) (၂၀၀/-) ၊ ပဲစဉ်းငုံ (ဟောင်း) (၁၅၀၀/-) ၊ စားတော်ပဲ(၁၅၀၀/-)ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့်် ယခင် ( ၁၀-၂-၂၀၂၀ ) ရက်စျေးနှုန်း ထက် မြေပဲလုံးဆံနီ(လိုင်း) (၃၀၀/-) ၊ မြေပဲလုံးဆံဖြူ(လိုင်း)(၇၅/-)ကျပ် စျေးကျကာ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၀.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၂၀၀/-)ကျပ် စျေးကျကာ မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၁၀.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း)(၂၀၀၀/-)ကျပ်စျေးတက်ပြီး ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူ ကုန်စည်ဒိုင်တွင် ယခင် ( ၁၀-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲဆီသန့်(၃၀၀/-) ၊ နှမ်းဆီသန့်(၅၀၀/-)၊ စီပီပြောင်း(၃၀၀/-)၊ ကုလားပဲ(V2) (၁၉၀၀/-)ကျပ် စျေးကျပြီး ပဲစဉ်းငုံ 2020 (၁၀၀/-)၊ကုလားပဲ(929)(၈၀၀/-)ကျပ် စျေးတက်ကာ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်း အလဲမရှိဘဲ နှမ်းမျိုးစုံ (၅၀)အိတ်၊ပဲမျိုးစုံ(၂၀၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြိုကုန်စည်ဒိုင်တွင် ယခင် (၁၀-၂-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါကစားအုန်းဆီ (၁၃၀/-)၊ မြေပဲလုံးဆံ(နီ)( ဖြူ)(၁၀၀/-)စီ ၊ ကုလားပဲ(HL) (၁၀၀၀/-)၊ ကုလားပဲ (929) (၅၀၀/-)၊ ပဲပုတ်(၁၅၀၀/-) ၊ပြောင်းဖူးစေ့( CP )(၅၀၀/-)ကျပ် စျေးကျပြီးမတ်ပဲ(၂၀၀၀/-)ကျပ် စျေးတက်ကာ ကျန်ပဲမျိုးစုံ နှင့် နှမ်းစျေး များအပြောင်း အလဲမရှိဘဲ အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။